Wickr လုံခြုံစိတ်ချရသော ပွင့်လင်းစွာ ဝင်ရောက်ခွင့်

7/9/2018 - 1 မိနစ် ဖတ်ရန်

မွမ်းမံထားသည်: 26/10/2021

Psiphon အနေဖြင့် စိတ်လှုပ်ရှားဖွယ်ရာ မိတ်ဖက်ပူးပေါင်းမှုအသစ်တစ်ခုကို ကြေညာရသည့်အတွက် ဂုဏ်ယူမိပါသည်။ လွန်ခဲ့သည့်လအနည်းငယ်အတွင်း ကျွန်ုပ်တို့သည် Wickr ၏ လုံခြုံစိတ်ချရသော မက်ဆေ့ဂျ်ပို့စနစ် ပလက်ဖောင်းများအတွက် လုပ်ဆောင်ချက်အသစ်တစ်ခု ဖန်တီးပေးရန် ၎င်းတို့နှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ပါသည်-

Wickr: Secure Open Access။

ဤလုပ်ဆောင်ချက်ဖြင့် Wickr နှင့် Psiphon တို့သည် US၊ ဥရောပ၊ အာရှ သို့မဟုတ် လက်တင်အမေရိက စသည့် ကမ္ဘာ့မည်သည့်နေရာတွင်မဆိုရှိသော အဖွဲ့များနှင့် လုပ်ငန်းများအတွက် ဝန်ဆောင်မှုပြတ်တောက်မှုမရှိဘဲ ယုံကြည်စိတ်ချရသည့် အစမှအဆုံး လျှို့ဝှက်ကုဒ်သုံး မက်ဆေ့ဂျ်ပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ ဖိုင်နှင့် မျက်နှာပြင် မျှဝေခြင်းတို့ကို လုပ်ဆောင်နိုင်စေရန် ပြုလုပ်ပေးထားပါသည်။ အခြား မည်သည့် လုံခြုံစိတ်ချရသော ဆက်သွယ်ရေး ပလက်ဖောင်းကမျှ ကမ္ဘာအနှံ့အပြားတွင် ဤကဲ့သို့ ကန့်သတ်ချုပ်ချယ်မှုမရှိသော ချိတ်ဆက်မှုကို မပေးစွမ်းနိုင်ပါ။
၎င်းတို့၏ စွမ်းဆောင်ရည်စုံလင်သော ပလက်ဖောင်းဖြင့် လုံခြုံစိတ်ချရသော မက်ဆေ့ဂျ်ပို့စနစ်နယ်ပယ်တွင် ခိုင်မာစွာ ရပ်တည်ထားပြီးဖြစ်သည့် Wickr သည် အဖွဲ့အစည်းများသည် ကမ္ဘာနှင့်အဝှမ်း ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်းရှိ လူများအတွက် လုံခြုံသော ဆက်သွယ်မှုကို သေချာစေရန် ကြိုးပမ်းရာတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများသာမက အသုံးပြုခွင့်ရရှိမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများလည်း ရှိလာနိုင်ကြောင်း သတိပြုမိခဲ့သည်။

Wickr သည် ၎င်းတို့၏ အသုံးပြုသူများအနေဖြင့် မည်သည့်နေရာတွင်ပင် ရှိနေပါစေ၊ လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်များနှင့် ချိတ်ဆက်နိုင်မှုအပေါ် စိုးရိမ်စရာမလိုသင့်ဟု ယုံကြည်ထားပြီး Psiphon ကလည်း သဘောတူပါသည်။

Psiphon ၏ ခေတ်မီဆန်းပြားသော ကွန်ရက် ပရိုတိုကောများကို ၎င်းတို့၏ လုပ်ဆောင်ချက်အသစ်တွင် ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် Wickr သည် အသုံးပြုသူများအား ၎င်းတို့၏ အသွားအလာအချက်အလက်များကို ချောမွေ့စွာ အကာအကွယ်ပေးပြီး Psiphon ကွန်ရက်ပေါ်မှတစ်ဆင့် ပေးပို့နိုင်စေမည်ဖြစ်ကာ မည်သည့်နေရာတွင်ပင် ရှိနေပါစေ အမြဲတစေ ဆက်သွယ်ချိတ်ဆက်ထားနိုင်စေမည် ဖြစ်သည်။

ကျွန်ုပ်တို့၏ မိတ်ဖက်ပူးပေါင်းမှုအသစ်အကြောင်း ပိုမိုသိရှိလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
ကုမ္ပဏီသတင်းများ

ဆက်လက်ဖတ်ရှုရန်